ဗုဒ္ဓ၏ အယူဝါဒ (၁)

Posted on January 10, 2010, under ဓမ္မဆောင်းပါး.

ချစ်စွာသော ညီငယ် ညီမငယ်များသို့

ဒီဘလော့ဂ်ပေါ်မှာ ၀င်ရောက်ဖတ်ရှုနေသူအများစုဟာ စာရေးသူထက် အသက်အရွယ် ငယ်ရွယ်သူတွေက များလိမ့်မယ်လို့ ယူဆတာကြောင့် ဒီအသုံးအနှုံးလေးကို ခေါ်ဝေါ်လိုက်ပါတယ်။

နောက်တစ်ခါ ဒီကနေ့တင်ပြမယ့် ဆောင်းပါးလေးဟာ “ဗုဒ္ဓဘာသာဝင်” ရယ်လို့ ကိုယ့်ကိုယ်ကို နာမည်ခံထားကြပေမယ့် ကိုယ့်ရဲ့ ဘာသာ အယူဝါဒအကြောင်းကို တိတိကျကျ ရှင်းရှင်းလင်းလင်း မသိကြသေးတဲ့ ညီငယ်ညီမငယ်များကို ရည်ရွယ်သမှု ပြုခြင်းကြောင့်လည်း ဒီအသုံးအနှုံးလေးကို သုံးခြင်းဖြစ်ပါတယ်။

ညီငယ်ညီမငယ်များတို့ ။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာပေါ်မှာ “ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓ” ရယ်လို့ အယူဝါဒကြီး (၄)ခု ရှိပါတယ်။ အခြားသော လူနည်းစုတွေကိုးကွယ်ကြတဲ့ “ဂျိန်းဘာသာ၊ ဆစ်ခ်ဘာသာ၊ ဂျူးဘာသာ” တို့လိုပါ ရေတွက်မယ်ဆိုရင် တော့ ဘာသာအယူဝါဒက (၄)မျိုး မကဘူးပေါ့။ ဒါပေမယ့် အဓိက လူဦးရေအများဆုံး ကိုးကွယ်ကြတာကတော့ ဒီဘာသာကြီး (၄)ခုပါဘဲ။

စာရေးသူ လေ့လာမိသလောက်ပြောရရင် မိမိကိုးကွယ်ရာ ဘာသာအကြောင်းကို တဖက်သားကို နားလည်သဘောပေါက် အောင် ရှင်းပြနိုင်တဲ့ နေရာမှာတော့ ဗုဒ္ဓဘာသာဝင်တွေဟာ အားနည်းကြတယ် လို့ တွေ့မိတယ်။ လူငယ်ဘ၀လောက်မှာကို ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေဟာ သူတို့ဘာသာအကြောင်းကို ရေရေလည်လည် ပြောတတ်ကြတာကို တွေ့ရပေမယ့် စာရေးသူတို့ ဗုဒ္ဓဘာသာလူငယ်များကြတော့ ကိုယ့်ဘာသာအကြောင်းကို တစ်ဖက်သား နားလည်အောင် ရှင်းမပြနိုင်တာကို တွေ့ရပါတယ်။

ဒီကြောင့် ဒီဆောင်းပါးအခန်းဆက်လေးတွေကို ဖတ်ပြီးရင်တော့ ကိုယ့်ဗုဒ္ဓဘာသာဟာ ဘယ်လို အယူဝါဒဆိုတာကို ကိုယ်တိုင်လည်း သဘောပေါက်နားလည် ၊ သူများကိုလည်း သဘောပေါက် နားလည်အောင် ရှင်းပြနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။

(more…)

  • Share/Bookmark

အသိတရား နှင့် တရားအသိ

Posted on December 12, 2009, under ဓမ္မဆောင်းပါး.

မိတ်ဆွေ

လူငယ်တော်တော်များများက တွေးကြတယ်၊ ပြောကြတယ်။ “တရားလုပ်တယ်ဆိုတာ လူကြီးတွေရဲ့ အလုပ်တဲ့” “လူငယ်တွေနဲ့ ဘာမှ မဆိုင်သေးပါဘူး” တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်ဆိုတာ သေခြင်းတရား နဲ့ ဝေးသေးလို့ တဲ့။ လူကြီးတွေ ကတော့ သေခြင်းတရားနဲ့ နီးလာလို့ တရားကို မဖြစ်မနေ လုပ်ကို လုပ်ကြရတာပါတာ တဲ့။

ဟုတ်ပါရဲ့လား။ ဒီစကား မှန်နိုင်ပါ့မလား။ မိတ်ဆွေ ရော ဒီလို ယူဆပါသလား။

မဟုတ်ပါဘူးမိတ်ဆွေ။ သတင်းစာ နာရေးကြော်ငြာတွေကို တစ်ချက်လောက် ကြည့်လိုက်စမ်းပါ။ နေ့စဉ် နဲ့အမျှ သေဆုံးနေကြ တဲ့ အသက်အရွယ်မျိုးစုံနဲ့ လူတွေကို တွေ့ပါလိမ့်မယ်။ ဒါက သတင်းစာထဲ ထည့်နိုင်တဲ့ လူတန်းစားလောက်ပါ။ မထည့်နိုင်တဲ့ လူတန်းစားအရေအတွက် က ဒီထက် ပိုများပါလိမ့်မယ်။

ဒီလူတွေရဲ့ အသက်တွေကိုရော ကြည့်လိုက်စမ်းပါ။ အရွယ်စုံ အသက်စုံကို တွေ့ရပါလိမ့်မယ်။ အသက် (၆၀) (၇၀)တွေက များတယ် ဆိုပေမယ့် အသက် (၃၀)(၄၀) ၀န်းကျင်တွေလည်း မနည်းလှပါဘူး။ အရွယ်ကောင်းလေးတွေဘဲနော်။ လောကကြီးရဲ့ အကြောင်း၊ ဘ၀ရဲ့ အရသာဆိုတာတွေကို မခံစားလိုက်ရဘဲ အသက် (၃)(၄)(၅)နှစ်နဲ့ သေသွားတဲ့ ကလေးငယ်တွေလည်း တွေ့ရပါလိမ့်မယ်။

(more…)

  • Share/Bookmark

မရဏာ နုဿတိ ဟူသည်

Posted on December 12, 2009, under ဓမ္မဆောင်းပါး.


လွန်ခဲ့တဲ့ (၆)နှစ်လောက်က ကျွန်တော်ဟာ ရန်ကုန်မြို့ရဲ့ ဆေးရုံကြီးတစ်ခုပေါ်မှာ သေမင်းနဲ့ စစ်ခင်းခဲ့ရဘူးပါတယ်။ အဲဒီ အချိန်ကတည်းက စပြီး ဘ၀နဲ့ပတ်သက်တဲ့ အတွေးအခေါ် တွေဟာ ပြောင်းလဲသွားခဲ့ရပါတယ်။ အဲဒီမတိုင်ခင်က ကိုယ်လုံးဝ မစဉ်းစားခဲ့ဘူးတဲ့ တရားတစ်ခုကို  နားလည် လာခဲ့ပါတယ်။

အဲဒါကတော့ “သေခြင်းတရား” ပါဘဲ။

တကယ်တော့ လူတွေနဲ့ အနီးကပ်ဆုံးအရာဟာ “သေခြင်းတရား” ပါ။  အချိန်မရွေးကျရောက်လာနိုင်ပါတယ်။ လူရဲ့ နောက်က အရိပ်လို လိုက်နေတာပါ။

မိတ်ဆွေ  ?

သေခြင်းတရား” ဟာ တစ်နေ့မှာ လူတိုင်းမလွဲမသွေ တွေ့ကြုံရမယ့် အလွန်ကြီးမားလှတဲ့ အရေးကိစ္စကြီး ဖြစ်ပေမယ့် ဒါကို လူတွေမေ့နေကြတယ်။

(more…)

  • Share/Bookmark

ဓမ္မသုခုမ အဖွင့်

Posted on December 11, 2009, under ဓမ္မဆောင်းပါး.

မင်္ဂလာပါ ဓမ္မမိတ်ဆွေ

ကျွန်တော့်ရဲ့ ဘလော့ဂ်လေးကို လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီ ဘလော့ဂ့်လေးကတော့ ဘာသာရေးနဲ့ ယှဉ်တဲ့ အတွေးအမြင် အယူအဆလေးတွေ စုစည်းရာ နေရာဖြစ်ပါတယ်။ ဘာသာရေးဆိုတော့ ဘယ်ဘာသာလဲ လို့ မေးရာ ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်က “မဇ္ဈိမဒေသ” မှာ ပေါ်ထွန်းခဲ့တဲ့ “မဟာလူသားဗုဒ္ဓ”  ရဲ့ အတွေးအခေါ် အယူအဆတွေပါ။ ဗုဒ္ဓရဲ့ ဟောပြောသွန်သင်ဆုံးမမှုတွေကို ကိုယ်နားလည်သလောက် ပြန်လည်ဝေမျှ ပေးခြင်းသာဖြစ်ပါတယ်။

ပညာရှင်ကြီး တစ်ဦးမဟုတ်သော်လည်း မိမိ ပိုင်ပိုင်နိုင်နိုင် နားလည်သလောက်ကို အရှင်းလင်းဆုံးသော အရေးအသားတွေနဲ့ တင်ပြပေးသွားမှာပါ။

မိမိ ဆောင်းပါးတွေကို ဖတ်ရှုပြီး ကိုယ်တိုင် အသိဉာဏ်ပွင့်လင်းမှု နဲ့ တွေးခေါ်မျှော်မြင်မှုတို့ကို ရရှိသွားပြီဆိုရင် စာရေးသူရဲ့ အားထုတ်ကြိုးပမ်းရမှု အတွက် ကျေနပ်ပါပြီ။

လောကီသုခ မှ သည် လောကုတ္တရာသုခ၏ အရသာကို ခံစားနိုင်သူ ဖြစ်ပါစေ။

သရ၀ဏ်

  • Share/Bookmark